The Science of Color Harmony

သင့်အတွက် အလိုက်ဖက်ဆုံး အရောင်တွေကို ရွေးချယ်ပေးမယ့် ကျွန်ုပ်တို့ရဲ့ နည်းပညာနဲ့ ကျွမ်းကျင်တဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်အကြောင်း လေ့လာကြည့်ရအောင်။

Our Harmonic Methodology

ဆယ်စုနှစ်နဲ့ချီတဲ့ ဖက်ရှင်အတွေ့အကြုံရှိသော ပညာရှင်များရဲ့ အကြံပြုချက်တွေကို လေ့လာပြီး သဘာဝ အသားအရောင် ပေါမှာ အခြေခံပြီး တွက်ချက်မှုတွေအပေါ် အခြေခံထားတာကြောင့် သင့်အတွက် တကယ့်ကို အသုံးဝင်မယ့် အကြံပြုချက်တွေကို ပေးနိုင်မှာပါ။

📐

Proportional Analysis

သင့်ရဲ့ ပင်ကိုယ်အသားအရောင်နဲ့ ဘယ်လိုအရောင်ကို ရွေးခြယ်ဝတ်ရင် အလှဆုံးဖြစ်မလဲဆိုတာကို ဖက်ရှင်သိပ္ပံနည်းလမ်းတွေနဲ့ အသေးစိတ် တွက်ချက်ပေးပါတယ်။

🎯

Balance & Harmony

သင့်ရဲ့ ပင်ကိုယ်အလှကို ပိုပေါ်လွင်စေဖို့အတွက် အမြင်အာရုံမှာ မျှတပြီး ကြည့်ကောင်းစေမယ့် mkaeup shade နဲ့ ဆံပင်အရောင်တွေကို ကျွန်ုပ်တို့က အဓိကထား ရွေးချယ်ပေးပါတယ်။

Personal Expression

ခန္ဓာကိုယ်အချိုးအစားတင်မကဘဲ သင့်ရဲ့ နေထိုင်မှုပုံစံနဲ့ စိတ်ကြိုက်ဝါသနာတွေကိုပါ ထည့်သွင်းစဉ်းစားပေးတာကြောင့် သင့်အတွက် သီးသန့်ဖြစ်နေမယ့် စတိုင်လ်မျိုးကို ရရှိမှာပါ။

Understanding Basic Skin Tones

လူ တစ်ယောက်စီမှာ မတူညီတဲ့ အခြေခံအသားရောင်မှား တွေ ရှိပါတယ်။ သင့်အသားရောင်ကို နားလည်ခြင်းက သင့်အတွက် အလိုက်ဖက်ဆုံး အရောင်တွေကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

Fair

Fair

အလွန်ဖြူပြီး မယ်လနင် ဓာတ်ပါဝင်မှု အလွန် နည်းသော အသားအရေ ဖြစ်သည်။

Light

Light

fair ကဲ့သိုပင် ဖြူသော အသားရေရှိပြီး မယ်လနင် ဓာတ်ပါဝင်မှု နည်းသော အသားအရေ ဖြစ်သည်။

Medium

Medium

ဖြူ၍ဝင်းသော အသားရေရှိပြီး မယ်လနင် ဓာတ်ပါဝင်မှု အလယ်အလတ် အသားအရေ ဖြစ်သည်။

Tan

Tan

ညို၍ဝင်းသော အသားရေရှိပြီး မယ်လနင် ဓာတ်ပါဝင်မှု အလယ်အလတ် အသားအရေ ဖြစ်သည်။

Deep

Deep

ချောကလက်ရောင် အသားရေရှိပြီး ကျန်းမာသော အသားရေဖြစ်ပြီး မယ်လနင် ဓာတ်ပါဝင်မှု မြင့်သော အသားအရေ ဖြစ်သည်။

Dark

Dark

အလွန် ညိုသော အသားရေရှိပြီး ကျန်းမာသော အသားရေဖြစ်ပြီး မယ်လနင် ဓာတ်ပါဝင်မှု အမြင့်ဆုံး အသားအရေ ဖြစ်သည်။

About Undertones

  • Skin undertones ဆိုသည်မှာ သင့်အရေပြား၏ အပေါ်ယံအလွှာအောက်တွင် ရှိနေသော သိမ်မွေ့သည့် အရောင်အသွေးများကို ဆိုလိုခြင်းဖြစ်သည်။ နေပူထဲထွက်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲနိုင်သော အသားအရောင် (Skin tone) နှင့်မတူဘဲ Undertone မှာမူ မပြောင်းလဲဘဲ အမြဲတမ်း တည်ရှိနေသည်။ Undertone ကို အဓိကအားဖြင့် Warm၊ Cool နှင့် Neutral ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ မိမိ၏ Undertone ကို သိရှိနားလည်ခြင်းဖြင့် မိမိ၏ ရုပ်ရည်သွင်ပြင်နှင့် အလိုက်ဖက်ဆုံး ဖြစ်စေမည့် မိတ်ကပ်၊ အဝတ်အစားနှင့် ဆံပင်အရောင်များကို မှန်ကန်စွာ ရွေးချယ်နိုင်မည်ဖြစ်သည်။

Seasonal Color Palettes

Seasonal color palettes ဆိုသည်မှာ မိမိနှင့် သင့်တော်သော ရာသီတစ်ခုစီ၏ သဘာဝအလှတရားကို ပိုမိုပေါ်လွင်စေရန် ဖော်ဆောင်ထားခြင်းဖြစ်ပြီး၊ ထိုရာသီ၏ အနှစ်သာရကို ဖော်ညွှန်းပေးနိုင်သော အရောင်အမျိုးမျိုးကို ရွေးချယ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Winter

Winter

Winter၏ အရောင်များသည် အေးမြသော၊ ရင့်မှောင်သော၊ နှင့် ထင်ရှားပြတ်သားသော လက္ခဏာရှိပြီး အပြာရောင်၊ မီးခိုးရောင်နှင့် အနက်ရောင် အရိပ်အယောင်များ ပါဝင်သည်။

Summer

Summer

Summer၏ အရောင်များသည် အေးမြခြင်း၊ တည်ငြိမ်ခြင်းနှင့် ဆိတ်ငြိမ်အေးချမ်းခြင်းတို့ ရှိကြပြီး အပြာရောင်၊ အစိမ်းရောင်နှင့် နုဖျော့သောအရောင်များ ပါဝင်သည့် အရောင်တွဲဖက်မှုမျိုး ဖြစ်သည်။

Spring

Spring

Spring၏ အရောင်များသည် တောက်ပခြင်း၊ တက်ကြွလန်းဆန်းခြင်းနှင့် သစ်လွင်ခြင်းတို့ ရှိကြပြီး များသောအားဖြင့် Yellow-based tones ပါဝင်လေ့ရှိသည်။

Autumn

Autumn

Autumn၏ အရောင်များသည် နွေးထွေးသော၊ ကြွယ်ဝသော၊ နှင့် သဘာဝဆန်သော လက္ခဏာရှိပြီး အညိုရောင်၊ ရွှေရောင်နှင့် အနီရင့်ရောင် အရိပ်အယောင်များ ပါဝင်သည်။

12 Seasonal Color Analysis

bright winter

Bright Winter

Contrast အလွန်မြင့်မားပြီး တောက်ပလွန်းတဲ့ အရောင်တွေ (Neon colors နီးပါး) ကိုတောင် အေးအေးဆေးဆေး ဝတ်လို့ရသူတွေပါ။

cool winter

Cool Winter

အေးစိမ့်တဲ့အရောင်တွေကိုမှ တောက်တောက်လေးတွေ (Jewel tones) ဖြစ်တဲ့ Emerald green သို့မဟုတ် Royal blue တို့နဲ့ အလွန်လိုက်ဖက်ပါတယ်။

deep winter

Deep Winter

အေးပြီး ရင့်မှည့်တဲ့အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ ခရမ်းရင့်၊ အပြာရင့် စတာတွေက သူတို့ရဲ့ အလှကို ပိုပေါ်လွင်စေပါတယ်။

light-summer

Light Summer

အေးမြပြီး အရောင်ဖျော့တာကိုမှ ကြည်ကြည်လင်လင်လေး ဖြစ်နေသူတွေပါ။ နူးညံ့တဲ့ ပန်းရောင်၊ အပြာနုရောင်တွေနဲ့ လိုက်ဖက်ပါတယ်။

cool-summer

Cool Summer

အေးစိမ့်တဲ့အရောင်တွေ (Classic Blue, Lavender) နဲ့ အလိုက်ဖက်ဆုံးပါ။ သူတို့မှာ ဖြစ်တဲ့ သွင်ပြင် လုံးဝမရှိသလောက်ပါပဲ။

soft-summer

Soft Summer

အရောင်တွေက အရမ်းမတောက်ဘဲ မှိုင်းမှိုင်းလေးတွေ (Muted colors) နဲ့ လိုက်ဖက်ပါတယ်။ အသားအရေက နည်းနည်း "Neutral" ဘက် ရောက်တတ်ပါတယ်။

bright spring

Bright Spring

အလွန်တောက်ပပြီး စိုပြည်တဲ့အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ မျက်လုံးအရောင်က တောက်တောက်လေးဖြစ်နေတတ်ပြီး မျက်နှာသွင်ပြင်က ထင်ရှားပါတယ်။

warm spring

Warm Spring

အဝါရောင်အောက်ခံ (Warm undertone) အားကောင်းသူတွေပါ။ ရွှေရောင်၊ လိမ္မော်ရောင် စတဲ့ နွေးထွေးတဲ့အရောင်တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။

light spring

Light Spring

အရောင်ဖျော့ဖျော့ (Pastel) လေးတွေနဲ့ လိုက်ဖက်သူတွေပါ။ အသားအရေနဲ့ ဆံပင်အရောင်က အလင်းဘက်ကို ပိုသွားပါတယ်။

soft-autumn

Soft Autumn

အဝါဘက်နွယ်ပေမဲ့ အရောင်တွေက နူးညံ့ပြီး မှိုင်းပါတယ်။ သဲရောင်၊ သလင်းရောင် စတဲ့ ကမ္ဘာမြေအရောင် (Earthy tones) နုနုလေးတွေနဲ့ လိုက်ဖက်ပါတယ်။

warm autumn

Warm Autumn

ဆောင်းဦးရာသီရဲ့ ပုံစံအတိုင်း ရွှေဝါရောင်၊ အုတ်နီရောင် စတဲ့ နွေးထွေးစိုပြည်တဲ့ အရောင်ရင့်တွေနဲ့ လှပါတယ်။

deep autumn

Deep Autumn

အရောင်ရင့်ရင့် (Dark colors) တွေနဲ့ လိုက်ဖက်သူတွေပါ။ ဆံပင်နဲ့ မျက်လုံးအရောင်က အမည်း သို့မဟုတ် အညိုရင့်ဘက် သွားလေ့ရှိပါတယ်။

Frequently Asked Questions

Chroma Glow ဆိုတာဘာလဲ?

Chroma Glow က သင့်ရဲ့ skin tone, personal style နဲ့ lifestyle ကိုအခြေခံပြီး clothing color, makeup, hair style, fashion style တွေကို smart recommendation ပေးတဲ့ beauty & fashion web platform တစ်ခုပါ။

Chroma Glow results page မှာ ဘာတွေကို recommendation ပေးလဲ?

Chroma Glow results page မှာclothing color, makeup color, hair color, nail color, contact lenses color တွေကို အရောင်အလိုက်သာ recommendation ပေးပါတယ်။

Recommendation ပေးတဲ့အရောင်တွေကို ဘယ်အချက်တွေကို အခြေခံပြီးရွေးတာလဲ?

သင့်ရဲ့ ✔️ skin tone ✔️ undertone ✔️ color harmony တွေကိုအခြေခံပြီး သင့်အသားအရောင်ကို ပိုမိုတောက်ပအောင်၊ မျက်နှာလင်းအောင်ကူညီနိုင်တဲ့ colors တွေကိုရွေးပေးပါတယ်။

Makeup color recommendation ထဲမှာ ဘာတွေပါလဲ?

Makeup color recommendation မှာ 💄 lipstick shades 🎨 blush & eyeshadow tones, foundation color တွေကို skin tone နဲ့လိုက်ဖက်အောင် color-based အနေနဲ့ပြပေးပါတယ်။ Brand သို့မဟုတ် makeup style ကိုမသတ်မှတ်ပါဘူး။

Hair, nail နဲ့ lenses color တွေကို ဘာကြောင့် recommendation ပေးတာလဲ?

Hair, nail နဲ့ lenses color တွေက သင့် skin tone နဲ့ မကိုက်ရင် မျက်နှာမလင်းသွားနိုင်ပါဘူး။ Chroma Glow က အရောင်ညီညွတ်မှုကိုဦးစားပေးပြီး overall look ကို clean & balanced ဖြစ်စေမယ့် colors တွေကိုရွေးပေးပါတယ်။

Chroma Glow ရဲ့ color recommendations တွေကို ဘယ်လိုအသုံးချနိုင်လဲ?

Recommendation ပေးထားတဲ့ colors တွေကို ✔️ shopping လုပ်တဲ့အခါ ✔️ makeup products ရွေးတဲ့အခါ ✔️ hair / nail color ပြောင်းချင်တဲ့အချိန် reference အဖြစ်အသုံးချနိုင်ပြီး ကိုယ့်အတွက် ကိုက်ညီတဲ့အရောင်ကို အလွယ်တကူဆုံးဖြတ်နိုင်ပါတယ် ✨

Ready to find your glow? Take the test now!

သင်နဲ့ အလိုက်ဖက်ဆုံး အရောင်တွေကို ရွေးခြယ်ပြီး တောက်ပစွာ လှပနိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား?