Skin Undertone &
Seasonal Colors

ကိုယ့်အသားအရေရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ခြင်း

Understanding Undertones

Undertone ဆိုတာ အသားအရေရဲ့ အပေါ်ယံအရောင် (Surface Tone) အောက်မှာရှိတဲ့ "အခြေခံအောက်ခံအရောင်" ဖြစ်ပါတယ်။ အသားဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ Undertone ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။

☀️

Warm Tone

အဝါ၊ ရွှေဝါ ဒါမှမဟုတ် မက်မွန်သီးရောင် အောက်ခံရှိပါတယ်။

❄️

Cool Tone

ပန်းရောင်၊ အပြာ ဒါမှမဟုတ် ခရမ်းရောင် အောက်ခံရှိပါတယ်။

⚖️

Neutral Tone

အေးတဲ့အရောင်ရော၊ နွေးတဲ့အရောင်ရော မျှတစွာ ပါဝင်နေပါတယ်။

ကိုယ့်ရဲ့ Undertone ကို ဘယ်လိုစစ်ဆေးမလဲ?

💚💙💜

သွေးကြောစစ်ဆေးနည်း

  • အစိမ်းရောင်: Warm Undertone
  • အပြာ/ခရမ်း: Cool Undertone
  • ခွဲရခက္: Neutral ဖြစ်နိုင်
💍

လက်ဝတ်ရတနာ စစ်ဆေးနည်း

  • ရွှေထည်: ဝိုင်းပသွားရင် Warm
  • ငွေထည်: ကြည့်ကောင်းရင် Cool
  • နှစ်ခုလုံး: Neutral ဖြစ်နိုင်
📄

အဖြူရောင်စက္ကူနည်း

  • အဝါ/လိမ္မော်: Warm
  • ပန်း/အပြာ: Cool
  • မျက်နှာဘေးမှာ စက္ကူကပ်ပြီး စမ်းကြည့်ပါ

4 Seasonal Color Palettes

Seasonal color palettes ဆိုသည်မှာ မိမိနှင့် သင့်တော်သော ရာသီတစ်ခုစီ၏ သဘာဝအလှတရားကို ပိုမိုပေါ်လွင်စေရန် ဖော်ဆောင်ထားခြင်းဖြစ်ပြီး၊ သင့်အသားအရောင်ကို ပိုမိုတောက်ပစေမယ့် အရောင်အမျိုးမျိုးကို ရွေးချယ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

🌸

Spring

Warm & Bright

Spring သမားတွေရဲ့ အသားအရေက အလင်းပေါက်သလိုမျိုး ကြည်လင် နေတတ်ပါတယ်။ အောက်ခံအရောင် ရွှေရောင် ဒါမှမဟုတ် မက်မွန်သီးရောင် သန်းပါတယ်။ မျက်လုံးမှာ ပါးနီလေးတွေ သဘာဝအတိုင်း ပါနေတတ်ပါတယ်။

အသားအရေ

Warm Undertone ရှိပြီး ရွှေဝါရောင် အောက်ခံပါတယ်။ နေပူထဲသွားရင် အသားက ရွှေရောင်ဝင်းလာတတ်ပါတယ်။

မျက်လုံးနှင့် ဆံပင်

မျက်လုံးအရောင်က အရမ်းကြည်ပြီး အပြာနု၊ ပယင်းရောင် မျိုးဖြစ်တတ်ပါတယ်။ ဆံပင်မှာ ရွှေဝါရောင်၊ စတော်ဘယ်ရီရွှေရောင် လေးတွေ ရှိပါတယ်။

Bright Spring Warm Spring Light Spring
အရောင်များ:
☁️

Summer

Cool & Muted

Summer သမားတွေဟာ Cool Undertone ရှိကြပါတယ်။ အသားထဲမှာ ပန်းရောင် ဒါမှမဟုတ် အပြာနုရောင် အောက်ခံလေးတွေ ရှိနေတတ်ပါတယ်။ Summer ရဲ့ ထူးခြားချက်က "နူးညံ့မှု" ပါ။

အသားအရေ

Cool Undertone ရှိပြီး ပန်းရောင် ဒါမှမဟုတ် အပြာနုရောင် အောက်ခံပါတယ်။ နေလောင်ရင် နီမြန်းလွယ်ပါတယ်။

မျက်လုံးနှင့် ဆံပင်

မျက်လုံးအရောင်က အရမ်းမတောက်ပါဘူး။ ခပ်မှိုင်းမှိုင်း အပြာရောင်၊ အစိမ်းရောင် မျိုးဖြစ်တတ်ပါတယ်။

Light Summer Cool Summer Soft Summer
အရောင်များ:
🍂

Autumn

Warm & Muted

Autumn သမားတွေရဲ့ အသားအရေဟာ Warm Undertone ရှိကြပါတယ်။ အဝါရောင် ၊ ရွှေဝါရောင် ဒါမှမဟုတ် မက်မွန်သီးရောင် အောက်ခံလေးတွေ ပါနေတတ်ပါတယ်။

အသားအရေ

Warm Undertone ဖြစ်ပြီး အဝါရောင် သို့မဟုတ် ပျားရည်ရောင် သန်းပါတယ်။ အသားညိုရလွယ်ပါတယ်။

မျက်လုံးနှင့် ဆံပင်

မျက်လုံးအရောင်က အညိုရောင်သန်းတဲ့ အနက်၊ သံလွင်စိမ်းရောင် မျိုးဖြစ်တတ်ပါတယ်။ ဆံပင်မှာ ရွှေ၊ နီကြောင်ကြောင် ရောင်လေးတွေ ပါနေတတ်ပါတယ်။

Soft Autumn Warm Autumn Deep Autumn
အရောင်များ:
❄️

Winter

Cool & Bright

Winter သမားတွေရဲ့ အသားအရေဟာ Cool Undertones ကို သွားပါတယ်။ Winter တွေရဲ့ အဓိက ထူးခြားချက်က မျက်နှာပေါ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု အရောင်ကွဲပြားမှု အရမ်းပြတ်သားပါတယ်။

အသားအရေ

Cool Undertone စစ်စစ်ဖြစ်ပြီး အသားအရောင်က အရမ်းဖြူရင်ဖြူ၊ ဒါမှမဟုတ် အရမ်းညိုပါတယ်။ သွေးကြောက အပြာ သို့မဟုတ် ခရမ်းရောင် ဖြစ်ပါတယ်။

မျက်လုံးနှင့် ဆံပင်

မျက်လုံးသူငယ်အိမ် အရောင်က အရမ်းတောက်ပပြီး ကြည်လင်နေတတ်ပါတယ်။ ဆံပင်ဟာ အနက်စစ်စစ် ဒါမှမဟုတ် အညိုရင့်ရင့် ဖြစ်ပါတယ်။

Cool Winter Bright Winter Dark Winter
အရောင်များ:

ရာသီအလိုက် ထူးခြားချက်များ

🌸

Spring

တောက်ပ၊ နုနယ်၊ ရွှေဝါသန်းသော

☁️

Summer

အေးမြ၊ နူးညံ့၊ ပန်းရောင်သန်းသော

🍂

Autumn

နွေး၊ မှိုင်း၊ ရင့်သန်သော

❄️

Winter

အေးမြ၊ တောက်ပ၊ ပြတ်သားသော

Ready to Discover Your Season?

သင့်ရဲ့ အသားအရောင်၊ undertone နဲ့ လိုက်ဖက်ဆုံးရာသီကို သိရှိပြီး သင့်အတွက် အကိုက်ညီဆုံး အရောင်များကို ရွေးချယ်နိုင်ပါပြီ။